🍄 Clean Eating ဆိုတာဘာလဲ?
နိုင်ငံတကာကအနုပညာရှင်တွေ၊ အကျော်အမော်တွေနဲ့ Celeတွေပြောလေ့ရှိတဲ့ စားသောက်နေထိုင်မှုပုံစံတစ်မျိုးပေါ့။ Healthy Lifestyle တစ်ခုဖြစ်တဲ့အတွက် ကျန်းမာချင်တဲ့သူတွေနဲ့ ကိုယ့်ရဲ့အရွယ်တင်နုပျိုလှပမှုတွေကို ရေရှည်ထိန်းသိမ်းထားချင်သူတွေကြားမှာရေပန်းစားတယ်။
🍄 ဒါဖြင့် Clean Diet ဆိုတာကရော?
Clean Eating ကိုအခြေခံပြီး Lifestyle တစ်ခုအနေနဲ့ long-term မလုပ်နိုင်သေးခင်မှာ ကာလတိုအတွင်းဒီစားသောက်နည်းကိုစမ်းသပ်နိုင်အောင် ပညာရှင်တွေဖန်တီးပေးထားတဲ့ Menu ပုံစံတွေဖြစ်တယ်။တစ်နည်းအားဖြင့်ဆိုရရင် အာဟာရကျွမ်းကျင်သူ nutrition specialist တွေရေးဆွဲထားတဲ့ Diet Plan မျိုးကိုခေါ်ပါတယ်။
🍄 ဘာအတွက်ကောင်းသလဲ?
Clean Eating ဟာကျန်းမာရေးအတွက်အဓိကကောင်းကျိုးပြုတယ်။ Clean Diet ကတော့ဝိတ်ကျပြီး ကိုယ်ရေစစ်ဖို့ပိုအားပေးတယ်။တခြားကောင်းကျိုးတွေအနေနဲ့ကတော့ အသားအရည်ကြည်ပြီးစိုပြေလာတယ်။ Natural Glow ဖြစ်တယ်ပေါ့နော်။နောက်ပြီး ဆံပင်ကျွတ်တာ၊ဆံပင်ပါးတာ၊ လက်သည်းခြေသည်း စတဲ့အလှအပပြသနာတွေအားလုံးချုပ်ငြိမ်းသွားမယ်။ဝက်ခြံ၊အမဲစက်၊တင်းတိတ်တွေ ဖြည်းဖြည်းချင်းကိုယ့်အနားကနေနှုတ်ဆက်သွားရလိမ့်မယ်။
🍄ဘယ်လိုစားစရာတွေစားရလဲ?
Clean Diet မှာအဓိကရှောင်ကြဉ်ရမှာကတော့ Proceed Food တွေပဲ။ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်ကြီးဟာသဘာဝတရားရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ သဘာဝထဲကရတဲ့အစာအာဟာရကို ပြုပြင်ခြင်းမလုပ်ပဲ အရှိအတိုင်း Whole Food တွေအဖြစ်စားသုံးခြင်းဟာ ကျွန်ုပ်တို့ရဲ့ခန္ဓာကိုယ်အတွင်းပိုင်းအထိ သန့်စင်ဖို့အထောက်အကူပြုပေးပါတယ်။
🍄လှုပ်ရှားသွားလာမှုကိုထိခိုက်စေနိုင်လား?
နိုး….နိုး။ဘယ်လိုမေးလိုက်ပါလိမ့်။Clean Eating ဟာကျွန်ုပ်တို့ရဲ့ energy booster လို့တောင်ဆိုနိုင်ပါတယ်။အရင်ကထက်သွက်လက်ပေါ့ပါးပြီး လန်းဆန်းကြည်လင်နေတဲ့နေ့ရက်တွေကိုပိုင်ဆိုင်ရစေမှာမလွဲမသွေပါပဲ။အရင်လိုခေါင်းကိုက်တာ စိတ်မကြည်တာတွေမရှိပဲ တက်တက်ကြွကြွဖြစ်နေလိမ့်မယ်။
🍄ဒီလောက်ကောင်းတဲ့ စားသောက်မှုပုံစံမှာ ဘေးထွက်ဆိုးကျိုးရောရှိသလား?
okay… ဒီမေးခွန်းကတော့ ကျွန်ုပ်တို့ကိုယ်တိုင်အသိပညာရှိရင်ဆိုးကျိုးမရှိနိုင်ပါဘူးလို့ပဲဖြေရပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ Every diet plans need to be balanced ဖြစ်နေလို့ပါပဲ။အာဟာရမညီမျှတဲ့ Diet Plan တွေအတိုင်းကျွန်ုပ်တို့မဆင်မခြင်စားခဲ့မိရင် အရင်ကထက်ဝိတ်ပိုတက်လာတာမျိုး၊ meatbolism နှေးလာတာမျိုး မလွဲမသွေကြုံရတတ်ပါတယ်။ဘယ်လောက်ကောင်းတဲ့ eating style ပဲဖြစ်နေပါစေ ကျွန်ုပ်တို့ကိုယ်တိုင်အသိပညာမရှိရင် ကျွမ်းကျင်တဲ့ပညာရှင်တစ်ယောက်ယောက်ရဲ့အကူအညီမပါပဲ ထင်ရာမြင်ရာရမ်းလုပ်ရင်တော့ဆိုးကျိုးဧကန်ရှိနိုင်တာပေါ့။
🍄Clean Diet နဲ့စားရင်အစာငတ်ခံရသေးလား?
လုံးဝပါပဲ…ကျန်းမာရေးနဲ့ညီညွတ်တဲ့ diet မှန်သမျှ အစာငတ်ခံစရာမလိုပါဘူး။ Unnorishment ဖြစ်စရာမလိုပါဘူး။ပိုကောင်းတာတစ်ခုက ကျွန်ုပ်တို့ဟာ eating clean လုပ်မယ်ဆိုရင် ခါတိုင်းထက်ပိုပြီးအကြိမ်များများတောင်စားပေးရမှာဖြစ်ပါတယ်။ကဲ..ဒါဆိုဝိတ်ချနေတယ်ဆိုပြီး အဆာခံ၊ အငတ်ခံနေတဲ့အစား အစားနဲ့ပါးစပ်မပြတ်အောင် တဇွတ်ဇွတ်စားနေရလို့ ပတ်ဝန်းကျင်ကတောင် အထင်လွဲခံရမဲ့ကိန်းပါပဲ။
🍄စားလို့ရောအရသာရှိပါ့မလား?
အမလေး….မပူနဲ့ဗျာ။ဒီလောက်ကောင်းတဲ့ Clean Diet ကိုမစားနိုင်မှာစိုးလို့တွေးပူနေတဲ့သူတွေရှိရင် ပြောပါရစေ။အရသာရှိလွန်းလို့လျှာတောင်လည်သွားမယ်လို့။သေချာအချိန်ပေးချက်ပြုတ်ပြင်ဆင်နိုင်ရင် ကိုယ့်ကိုယ်ကို Diet လုပ်ပြီးဝိတ်ချနေရတဲ့အဖြစ်တောင်မေ့သွားနိုင်တယ်။အရင်ကမီးဖိုချောင်မဝင်ခဲ့ဖူးတဲ့သူတွေလဲ ကိုယ်တိုင် prepare လုပ်ရင်းကနေ အရသာရှိတဲ့ ဟင်းချက်နည်း၊မုန့်၊ဖျော်ရည်လုပ်နည်းမျိုးစုံ တတ်လာဦးမဲ့အကျိုးကျေးဇူးတွေရှိသေးတယ်။ကဲ…ဘက်စုံအသုံးတည့်သော C-Diet ဆိုတာယုံပီလားဗျ။
ဟုတ်ပြီ……. ဒီလောက်ဆိုရင် Clean Eating ဆိုတာဘာလဲ အကြမ်းဖျင်းတော့သိလောက်ပြီလို့ထင်ပါတယ်။ နောက်ထပ်လဲ Clean Diet နဲ့ပတ်သက်တဲ့အကြောင်းလေးတွေ အလျင်းသင့်သလိုတင်သွားပေးဖို့ရှိလို့ ဒီအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်ဖြင့် ကျွန်ုပ်တို့ ရဲ့ Page လေးကိုမကြာခနလာလည်ပေးဖို့မမေ့ကြနဲ့နော်။
#Knowledges4U
#CleanEatingLifestyle
#DietCampbyKhin ❤




